SELinux + Linux Permissions Free PDF

ကျွန်တော် BarCamp တွေ IT Camp တွေနဲ့ တခြားသော Talk Show/Event တွေမှာ Linux Permission နဲ့တကွ SELinux အကြောင်းတွေကို ၂၀၁၄ ခုနှစ်လောက်ထဲက ဟောပြောခဲ့ပါတယ်။ ခုလည်း BarCamp Yangon 2019 တုန်းက Linux Permission များနှင့်တကွ SELinux အကြောင်းများကို Topic တွေ ပြောကြားခဲ့ပါတယ်။ ပြောကြားခဲ့တဲ့ Topic တွေမှာလည်း တက်ရောက်သူ အများကြီးရှိခဲ့တယ်။ System Administrator တွေအနေနဲ့ SELinux ကို အင်မတန်ကို စိတ်ဝင်တစားရှိကြတာ တွေ့ရပါတယ်။ Topic ပြောရင်း လက်တွေ့ပြတဲ့အချိန်မှာ Microphone ကိုလက်တစ်ဘက်ကနေ မကိုင်နိုင်တာကြောင့် အသံသေချာမကြားရတာမျိုးများ ရှိခဲ့ရင် ဒါမှမဟုတ် Topic ပြောတဲ့အခန်းမှာ လူအရမ်းများလွန်းတာကြောင့် နားမထောင်ဖြစ်ခဲ့ရင် အလွယ်တကူလေ့လာလို့ရအောင် ကျွန်တော့် စာအုပ်ထဲမှာ ဖေါ်ပြရေးသားမယ့် Linux Permission တွေနဲ့တကွ SELinux အကြောင်းတွေကို မည်သူမဆို အခမဲ့ ဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျ။ အောက်ပါ Link ကနေ မည်သူမဆို အခမဲ့ Download ရယူနိုင်ပါတယ်။

SELinux ကိုလေ့လာတဲ့အခါ အခက်အခဲ တစုံတရာရှိရင်ဖြစ်စေ၊ မေးမြန်းချင်တာတွေ ရှိရင်ဖြစ်စေ ဒီ စာအုပ်ရဲ့ Official Page သို့ဖြစ်စေ Yan Naing Myint သို့ဖြစ်စေ yannaing@cyberwings.asia သို့ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

Leave a comment