Pre-Order is accepting now!

PREORDER စတင်လက်ခံပါပြီ။
=====================
CW Linux Book: Medallion စာအုပ်ကို မှာယူလိုသူများအနေနဲ့ ကြိုတင် မှာကြားမှုတွေ စတင်ပြုလုပ်နိုင်ပါပြီ။
PREORDER Link – https://goo.gl/forms/kna9WQtEiwIAE2L93

စာအုပ်၏အကြောင်း
=============
CW Linux Book: Medallion မှာတော့ ပုံတွင်ဖေါ်ပြထားတဲ့ ခေါင်းစဉ်များဟာ အဓိကပါဝင်မယ့်အကြောင်းအရာတွေဖြစ်ပါတယ်။ Linux ကိုစတင်လေ့လာသူများအနေနဲ့ကော Linux ဖြင့် System Administration ပြုလုပ်နေကြသူများအတွက်ပါ အထောက်အကူဖြစ်စေမယ့် ခေါင်းစဉ်တွေ ပါရှိပါတယ်။ Command တစ်ခုချင်းစီကို သေချာ ရှင်းလင်းပြသထားသကဲ့သို့ (How) ဟုခေါ်သော ဘယ်လိုပြုလုပ်ရမလဲ ဆိုတဲ့အကြောင်းအရာများအပြင် (Why) ဆိုတဲ့ ဘာကြောင့်ပြုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုပါ အသေးစိတ် ရေးသားထားတဲ့အတွက် လေ့လာသူများအဖို့အတော်လေးအထောက်အကူဖြစ်စေနိုင်ပါတယ်။ RedHat Enterprise Linux ကိုအခြေခံထားတဲ့ CentOS ကို အဓိကထား ရေးသားထားတဲ့ အကြောင်းအရာများပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။

ကြိုတင်မှာယူခြင်း
============
ကြိုတင်မှာယူဖို့အတွက် နည်းလမ်း (၂) ခုရှိပါတယ်။
(၁) ကိုယ်တိုင် မှာယူလိုသူများအနေနဲ့ Cyber Wings Co., Ltd – Infrastructure Department ဖြစ်တဲ့ “တိုက် (၁၆)၊ ၄ လွှာ၊ ဗဟိုလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့” သို့ လူကိုယ်တိုင်လာရောက်ပြီး ကြိုတင်မှာဖို့အတွက် စာအုပ်ဖိုးပေးကာ မှာထားနိုင်ပါတယ်။
(၂) ကိုယ်တိုင် မှာယူတာမျိုးမဟုတ်ပဲ နယ်ကပဲဖြစ်စေ၊ ရုံးသို့ လာရောက်နိုင်ခြင်းမရှိသူတွေအတွက် အောက်ပါ Link ကနေ မှာယူနိုင်ပါတယ်။ ငွေပေးချေမှုကိုလည်း 09799950510 သို့ Wave Money မှ တစ်ဆင့် ငွေလွှဲထားနိုင်ပါတယ်။
https://goo.gl/forms/kna9WQtEiwIAE2L93

Wave Money ဖြင့် ငွေလွှဲခြင်း
=====================
ဖေါ်ပြပါ ဖုန်းနံပါတ် 09799950510 သည် Wave Money Account ဖွင့်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် *Account* ထဲကိုလွှဲရမှာဖြစ်ပါတယ်။ ဆိုင်မှဖြစ်စေ ကိုယ်တိုင်ဖြစ်စေ ငွေလွှဲပြီးပါက ငွေလွှဲပြီးကြောင်း Screenshot ကို Pre-Order Form မှာ ပူးတွဲ တင်ပေးနိုင်ပါတယ်။

Delivery
=========
Delivery အနေနဲ့တော့ ရန်ကုန်မြို့တွင်းကိုသက်ဆိုင်ရာ ဖေါ်ပြပါ နှုန်းထားများအတိုင်း ပို့ဆောင်ပေးပါတယ်။ Delivery ရယူလိုသူများအနေနဲ့တော့ အထက်ပါ Link မှာ ကြိုတင်မှာယူခြင်းပြုလုပ်သည့်အခါ အမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို တိတိကျကျ ဖေါ်ပြပေးထားဖို့လိုပါတယ်။

ရန်ကုန်မြို့တွင်းမဟုတ်ပဲ နယ်ဆိုရင်တော့ အထက်က Link မှာ PreOrder မှာယူသည့်အခါ ပေးပို့စေလိုသည့် ကားဂိတ်ကို ရေးသားဖေါ်ပြထားပေးရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့၏ ကားဂိတ်သို့ ပို့ဆောင်ပေးနိုင်ပါတယ်။ ကားဂိတ်သို့သွားရောက်ထုတ်ယူနိုင်ပါတယ်။

စာအုပ်ထွက်ရှိမည့်အချိန်
=================
စာအုပ်ကိုတော့ ထုတ်ဖို့အတွက်အချိန်က ထင်ထားတာထက်နောက်ကျသွားပါတယ်။ February လကုန်ပိုင်း (နောက်ဆုံးအပတ်) မှာ ထုတ်ဝေသွားမှာဖြစ်ပါတယ်။

ရေးသားထုတ်ဝေသူ
=============
ဒီ စာအုပ်ကို ရေးသားထုတ်ဝေသူကတော့ Cyber Wings Co., Ltd ၏ Founder ဖြစ်တဲ့ ကိုရန်နိုင်မြင့် ဖြစ်ပါတယ်။ ကိုရန်နိုင်မြင့် ကတော့ Linux ကိုအသုံးပြုကာ System/Server Administration များကို ပြုလုပ်ခဲ့တာ ၁၀ နှစ်နီးပါး အတွေ့အကြုံရှိပြီဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းရန်
===============
အသေးစိတ်သိရှိလိုသည့် မေးခွန်းများရှိပါက
-Page သို့ Message ဖြင့်လည်းကောင်း
– အောက်တွင် Comment အနေဖြင့်လည်းကောင်း
– yannaing@cyberwings.asia သို့ Email ဖြင့်လည်းကောင်း
– 09799950510 (Yan Naing Myint) သို့လည်းကောင်း
– 09789507546 (Kaung Myat) သို့လည်းကောင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

SELinux + Linux Permissions Free PDF

ကျွန်တော် BarCamp တွေ IT Camp တွေနဲ့ တခြားသော Talk Show/Event တွေမှာ Linux Permission နဲ့တကွ SELinux အကြောင်းတွေကို ၂၀၁၄ ခုနှစ်လောက်ထဲက ဟောပြောခဲ့ပါတယ်။ ခုလည်း BarCamp Yangon 2019 တုန်းက Linux Permission များနှင့်တကွ SELinux အကြောင်းများကို Topic တွေ ပြောကြားခဲ့ပါတယ်။ ပြောကြားခဲ့တဲ့ Topic တွေမှာလည်း တက်ရောက်သူ အများကြီးရှိခဲ့တယ်။ System Administrator တွေအနေနဲ့ SELinux ကို အင်မတန်ကို စိတ်ဝင်တစားရှိကြတာ တွေ့ရပါတယ်။ Topic ပြောရင်း လက်တွေ့ပြတဲ့အချိန်မှာ Microphone ကိုလက်တစ်ဘက်ကနေ မကိုင်နိုင်တာကြောင့် အသံသေချာမကြားရတာမျိုးများ ရှိခဲ့ရင် ဒါမှမဟုတ် Topic ပြောတဲ့အခန်းမှာ လူအရမ်းများလွန်းတာကြောင့် နားမထောင်ဖြစ်ခဲ့ရင် အလွယ်တကူလေ့လာလို့ရအောင် ကျွန်တော့် စာအုပ်ထဲမှာ ဖေါ်ပြရေးသားမယ့် Linux Permission တွေနဲ့တကွ SELinux အကြောင်းတွေကို မည်သူမဆို အခမဲ့ ဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျ။ အောက်ပါ Link ကနေ မည်သူမဆို အခမဲ့ Download ရယူနိုင်ပါတယ်။

SELinux ကိုလေ့လာတဲ့အခါ အခက်အခဲ တစုံတရာရှိရင်ဖြစ်စေ၊ မေးမြန်းချင်တာတွေ ရှိရင်ဖြစ်စေ ဒီ စာအုပ်ရဲ့ Official Page သို့ဖြစ်စေ Yan Naing Myint သို့ဖြစ်စေ yannaing@cyberwings.asia သို့ဖြစ်စေ မေးမြန်းနိုင်ပါတယ်။